ယခုတစ်ပတ် ဆန်တင်ပို့မှုလျော့ကျပြီး ဆန်ကွဲပိုမိုတင်ပို့

ဇွန် ၄ ရက်မှ ၁၀ ရက်အထိ ရက်သတ္တပတ်အတွင်း ကန်ဒေါ်လာ ၅ ဒသမ ၇၁၀ သန်းဖိုးရှိ ဆန်ဖြူတန် ၁၅၅၉၀ ကျော်ကို မြန်မာ-တရုတ် နယ်စပ် ရှိ ကုန်သွယ်ရေးစခန်းများမှ တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၈၇၆၈ တန်နဲ့ဧည့်မထဆန် ၁၉၁၉ တန်ခန့် ၊ ချင်းရွှေေ ဟာ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၈၈ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၄၇၁၅ တန်ကျော်
တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်တစ်ပတ် ဆန်တင်ပို့မှုထက် ၁၈၈၃ တန်လျော့နည်းခဲ့ပါတယ်။ဆန်တင်ပို့မှု လျော့နည်းသော်လည်း ယခု တစ်ပတ်မှာ ဆန်ကွဲတင်ပို့မှု ပိုမိုခဲ့ပါတယ်။ မူဆယ်မှ ၄၃၆၇ တန်နဲ့ လွယ်ဂျယ်မှ ၁၁၇ တန် တင်ပို့ပြီး ယခင်တစ်ပတ် တင်ပို့မှုထက် ၉၅၂ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။ဇွန် ၅ ရက်မှ ၁၁ ရက်အထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှကန်ဒေါ်လာသုညဒသမ ၈၀၆ သန်းဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် ၂၂၅၈ တန် တင်ပို့ခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုများမှာ တရုတ် နိုင်ငံသို့ ငစိန်ဆန် ၂၉၆ တန်၊ ယူအေ
အီးနိုင်ငံသို့ ငစိန်ဆန် ၂၅ တန်၊ အီးယူနိုင်ငံများသို့ ဧည့်မထဆန် ၁၁၄၅ တန်၊ ငစိန်ဆန် တန် ၄၆၀ နဲ့ ပေါင်းဆန် ၃၀၈ တန်၊ စင်ကာ
ပူနိုင်ငံသို့ ပေါ်ဆန်းဆန် ၂၄ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ယခင်တစ်ပတ် ဆန်တင်ပို့မှုထက် တန် ၂၄၀ဝ ကျော်လျော့နည်းခဲ့ပါတယ်။
ယခုတစ်ပတ် ဆန်ကွဲတင်ပို့မှုမှာ ၈၃၇၅ တန်၊ကန်ဒေါ်လာ ၂ ဒသမ ၃၀၉ သန်းဖိုးဖြစ်ပြီး စင်ကာပူနိုင်ငံသို့ တန် ၇၅၀ နဲ့ အီးယူနိုင်ငံများ
သို့ ၇၆၂၅ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ယခင်တစ်ပတ် ဆန်ကွဲတင်ပို့မှုထက် တန် ၄၂၀ဝ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခု တစ်ပတ်မှာကုန်
သွယ်မှုရေးစခန်းများမှရော ပင်လယ်ရေကြောင်းမှပါ ဆန်တင်ပို့မှု လျော့ ကျပြီး ဆန်ကွဲတင်ပို့မှု ပိုမိုလာတာတွေ့ရပါတယ်။

Agency Ministry of Foreign Affairs
Category General