CLMVT ဖွံ့ ဖြိုးတိုးတက်ရေးဖိုရမ်ကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

 ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် CLMV ဖိုရမ်ကို ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါ ဖိုရမ်ကို ကမ္ဘောဒီး ယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့မှ အစိုးရများနဲ့ ပုဂ္ဂလိက လုပ်ငန်းများမှ ကိုယ်စား လှယ်များတက်ရောက်မည်ဖြစ်ပြီး စီးပွားရေး၊ ကုန် သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးကိစ္စများကို ဆွေးနွေး သွားမှာဖြစ်ကြောင်း နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
တစ်နိုင်ငံချင်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အတားအ ဆီးများကိုလည်း ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အတူတကွ ဆောင်ရွက်ရာမှာ ဆက်ဆံရေးတည်တံ့ခိုင်မြဲဖို့အတွက် ဒီဖိုရမ်က အခွင့် အလမ်းကောင်းများကို ဖော်ထုတ်သွားမှာဖြစ်ကြောင်း ထိုင်းစီး ပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး အပီရာဒီတန်ထရာပွန်က ပြောပါတယ်။ ဖိုရမ်မှာ ပြုလုပ်မယ့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ အဖွဲ့ဝင်ငါးနိုင်ငံမှ မူဝါဒရေးဆွဲသူများ၊ စွန့်ဦး တီထွင်သူများ၊ စီးပွားရေးလုပ်ငန်းခေါင်းဆောင်များ၊ ပညာရှင်များနဲ့ လူငယ်ခေါင်းဆောင်များ တက် ရောက်ကြမှာ ဖြစ်ပါတ ယ်။ CLMV နိုင်ငံ များနဲ့အတူ ဥရောပနဲ့ ဂျပန်နိုင်ငံတို့မှလည်း ပါဝင်မည်ဖြစ်ရာ စုစုပေါင်းတက်ရောက်သူ ၆၀ဝ ဦး ရှိမယ်လို့ခန့်မှန်းထားပါတယ်။ တက်ရောက်လာတဲ့ ကိုယ်စားလှယ်များအား ထိုင်းနိုင်ငံ အတွင်းရှိ ခရီးသွားလုပ်ငန်း ဒေသများကို လိုက်လံပို့ဆောင် ပေးမှာ ဖြစ်ပါတယ်။
ကဏ္ဍအသီး သီးမှာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရင်း ပြဿနာများကို အဖြေရှာ ဖြေ ရှင်းရန်အတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေကို ဖိုရမ်က ဖော်ထုတ်ပေး မှာဖြစ် တဲ့အတွက် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းတွေမှာ ပူးပေါင်းဆောင် ရွက်ဖို့ ကြိုးပမ်းရာမှာ အထောက်အကူဖြစ်စေနိုင်ကြောင်း အပီရာဒီက ပြောပါတယ်။ ယခင်နိုင်ငံ လေးနိုင်ငံပါတဲ့ CLMV အ ဖွဲ့က လူဦးရေများပြားပြီး ဝယ်ယူနိုင်မှုစွမ်းအား မြင့်မားတဲ့အတွက် ထိုင်းပို့ကုန် လုပ်ငန်း ဖွံ့ဖြိုးရေး အတွက် အလားအလာကောင်းတဲ့ ဈေးကွက်တစ်ခု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက အခြားတစ်နိုင်ငံ ကို ကုန်ပစ္စည်းတင်ပို့ရာမှာ လ ည်း ဒီလေးနိုင်ငံက ပေါင်းကူးသဖွယ်ဖြစ်နေပါတယ်။ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ CLMV နိုင်ငံများသို့ ထိုင်းနိုင်ငံမှတင်ပို့မှုက ထိုင်းနိုင်ငံ စုစုပေါင်းကုန် သွယ်မှု တန်ဖိုးရဲ့ ၁၀ ဒသမ ၄ ရာခိုင်နှုန်း ရှိပါ တယ်။ အဲဒီနိုင်ငံတွေ မှာ ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ် နှံမှုက စုစုပေါင်း တိုက်ရိုက်ရင်းနှီးြ မှုပ်နှံမှုရဲ့ ၁၀ ရာခိုင်နှုန်းရှိပြီး ထိုင်းနိုင်ငံအတွင်းသို့ လာရောက် လည်ပတ်တဲ့ခရီးသည်များအနက် ၁၀ ရာခိုင်နှုန်း က CLMV နိုင်ငံတွေ က ဖြစ်ပါတယ်။ ဖိုရမ်ကို ဒူးဇ စ်သာ နီဗန်ကောက်ဟိုတယ် မှာ ဇွန် ၁၆ ရက်မှ ၁၈ ရက်အတွင်း သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

Agency Ministry of Foreign Affairs
Category General