ပြည်မြေပဲဈေးကွက်မှာ ဆီဆန်ဈေးအနည်းငယ်မြင့်ပြီး လုံးဆန်ဈေးပုံမှန်ဖြစ်

ပြည်ဈေးကွက်သို့ မင်းတုန်း၊ ကံမနဲ့ရခိုင်ပြည်နယ် မာန်အောင်ဘက်မှ မြေပဲဆန် တစ်နေ့လျှင် အိတ် ၅၀ဝ ခန့်သာ အဝင်ရှိတော့
သဖြင့် အဝင်နည်းလာတာ တွေ့ရပါတယ်။ မြေပဲဆန်၊ ဆီဆန်ကို မြို့တွင်းဆီစက်နဲ့ မကွေးဆီစက်များက အဝယ် ရှိနေသဖြင့်
ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် တစ်ပိဿာကို ကျပ် ၁၀ဝ ဈေးမြင့်လာတာတွေ့ရပါတယ်။ စားသုံးသူများက နှမ်းဆီထက်မြေပဲဆီကို စားသုံးကြသဖြင့် မြေပဲဆီဈေးမှာ နှမ်းဆီဈေးထက်ပိုမြင့်နေတာတွေ့ရပါတယ်။ မြေပဲဆီဆန်ဈေးမှာတစ်ပိဿာ လျှင်ကျပ် ၂၃၀ဝ ဖြင့် ယခင်တစ်ပတ်ထက်ဈေးပိုလာပြီး မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် ကျပ် ၅၂၀ဝဖြင့် ဈေးြ မင့် လာတာ တွေ့ရပါတယ်။ လုံးဆန်
ကို ရန်ကုန်၊ မန္တလေးဝယ်လက်များက ဝယ်နေသော်လည်း ယခုတစ်ပတ်တွင် မိုးရွာသွန်းနေသဖြင့် အရောင်းအဝယ်အေးပြီး ယ
ခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေတာတွေ့ရပါတယ်။ လုံးဆန်ဈေးမှာ အဖြူရောအနီပါ နှစ်မျိုးစလုံးဈေးတူနေသဖြင့် တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ ဈေးဖြင့် ယခင်တစ်ပတ်ကအတိုင်း ဈေးငြိမ်နေတာတွေ့ရပါတယ်။

Agency Ministry of Foreign Affairs
Category General