လုပ်ထုံးလုပ်နည်း

ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများတင်သွင်းထောက်ခံချက်လက်မှတ်ရရှိရန် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ

Last Updated: 2018-07-04 15:01:25

Summary
ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများတင်သွင်းခွင့်ထောက်ခံချက်လက်မှတ်ရရှိရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲတွင် လျှောက်ထားခြင်း။
Description

စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများတင်သွင်းထောက်ခံချက်လက်မှတ်ရရှိရန်လုပ်ဆောင်ရ မည့်လုပ်ငန်းစဉ်များ

အဆင့်(၁)
ပိုးသတ်ဆေးတင်သွင်းခွင့်ထောက်ခံချက်လျှောက်ထားရန် အောက်ပါအထောက်အထားများ ပူးတွဲလျှောက်ထားရမည်ဖြစ်ပါသည်။

(၁)လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူ အသိအမှတ်ပြုကဒ်ပြား မိတ္တူ
(၂) မြန်မာအညွှန်းစာ
(၃) Proforma Invoice
(၄)ပိုးသတ်ဆေးမှတ်ပုံတင်မိတ္တူ
(၅)ပြန်လည်ထုတ်ပိုးမည့်အရွယ်အစားများအတွက်ပြန်လည်ထုတ်ပိုးရောင်းချခွင့်
လိုင်စင်မိတ္တူ
(၆)ထုတ်လုပ်သူမှတင်ပို့မှု/တဆင့်တင်ပို့မှုအတွက်သဘောတူညီချက်
(၇)လက်လီလက်ကားရောင်းချခွင့် လိုင်စင် မိတ္တူ
(၈)ပိုးသတ်ဆေးအရည်အသွေးဓာတ်ခွဲစစ်ဆေးခပေးသွင်းပြီးကြောင်းပြေစာမူရင်း
(၉)Technical Grade တင်သွင်းရန်အတွက်ဖော်စပ် ထုတ်လုပ်ခွင့်လိုင်စင် မိတ္တူ
(၁၀)ကိုယ်စားဆောင်ရွက်လျှင်ကုမ္ပဏီ၏ကိုယ်စားလှယ်လွှဲစာနှင့် မှတ်ပုံတင် မိတ္တူ
(၁၁)တင်သွင်းသည့်ကုမ္ပဏီ၏ကုမ္ပဏီမှတ်ပုံတင်မိတ္တူ
(၁၂)ကုန်သွယ်ရေးဦးစီးဌာန၏ Exporter and Importer Registration မိတ္တူ
(၁၃)ထုတ်ပိုးမှုအရွယ်အစား၁၀၀စီစီ/ ဂရမ်ထက်သေးငယ်ပါက လက်ကမ်းစာစောင်ခိုင်မြဲစွာပူးတွဲထားခြင်း (သို့) အညွှန်းစာရှင်းလင်းပြတ်သားစွာမြင်နိုင်သောထုတ်ပိုးမှုနမူနာပုံစံ
မှတ်ချက်။          ။ပိုးသတ်ဆေးများတင်သွင်းရာ၌ မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ တွင် မှတ်ပုံတင်ထားသော ယာယီသုံးစွဲခွင့် (သို့) အပြည့်အဝသုံးစွဲခွင့် ရထားသောပိုးသတ်ဆေးဖြစ်ရပါမည်။

အဆင့်(၂)

၁။ သက်ဆိုင်ရာတင်သွင်းသူမှလျှောက်လွှာပုံစံတွင်ဖြည့်စွက်၍ပူးတွဲလျှောက်ထားတင်ပြရန် လိုအပ်သောအချက်အလက်များအား စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှစိစစ်မည်ဖြစ်ပါသည်။
၂။ ပိုးသတ်ဆေးအရည်  အသွေးဓာတ်ခွဲစစ်ဆေးခအားမြန်မာ့ စီးပွားရေးဘဏ်၊    စိုက်ပျိုးရေး ဦးစီးဌာန ၊  သီးနှံကာကွယ်ရေးဌာနခွဲ၏ စာရင်းအမှတ်MD.013156 (သို့ မဟုတ် )  မြန်မာ့စီးပွားရေးဘဏ် ခွဲ (၃) ရှိစာရင်းအမှတ် MD.010204 သို့ပေးသွင်းရန်  စိုက်ပျိုးရေးဦးစီးဌာန၊  သီးနှံကာကွယ်ရေးဌာနခွဲမှ ငွေသွင်းစာထုတ်ပေးမည်ဖြစ်ပါသည်။
၃။ ငွေသွင်းပြေစာမူရင်းအားတင်သွင်းသူမှ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲသို့ ပေးပို့ရပါမည်။
၄။ ပိုးသတ်ဆေးတင်သွင်းခွင့်ထောက်ခံချက်အား ကုန်သွယ်ရေးဦးစီးဌာန၏ Myanmar   Tradenet2.0 Online  စနစ်ဖြင့် ထုတ်ပေးမည်ဖြစ်ပါသည်။
အထက်ပါအဆင့်ထိလိုအပ်ချက်များ ပြည့်စုံ မှန်ကန်ပါက ရုံးဖွင့်ရက် 3-5 ရက်အတွင်း ပြီးစီးနိုင်ပါသည်။

Source: https://www.myanmartradeportal.gov.mm/my/procedure/49