လုပ်ထုံးလုပ်နည်း

အပင်နှင့်အပင်ထွက်ပစ္စည်းများအား ပြည်ပမှတင်သွင်းပြီးထုတ်ယူခွင့်ထောက်ခံချက်

Last Updated: 2023-04-05 05:27:26

Summary
အပင်နှင့်အပင်ထွက်ပစ္စည်းများအား ပြည်ပမှတင်သွင်းပြီးထုတ်ယူခွင့်ထောက်ခံချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင်လျှောက်ထားခြင်း
Description

သီးနှံကာကွယ်ရေးဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန၊
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
အပင်နှင့်အပင်ထွက်ပစ္စည်းများအား ပြည်ပမှတင်သွင်းပြီးထုတ်ယူခွင့် ထောက်ခံချက်ရရှိရန်လျှောက်ထားခြင်း


အဆင့်(၁)
အပင်နှင့်အပင်ထွက်ပစ္စည်းများ ဆိပ်ကမ်းသို့ရောက်ရှိချိန်တွင် တင်သွင်းသူအနေဖြင့်စစ်ဆေးမှုခံယူရန် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲသို့ OGA test application information နှင့်အတူ မူရင်းနိုင်ငံမှ တင်သွင်းမည့်ကုန်ပစ္စည်း၏ ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ်အား တစ်ပါတည်းတင်ပြရမည်။
အဆင့်(၂)
သီးနှံကာကွယ်ရေးဌာန၏ စစ်ဆေးရေးမှူးမှ
(က)    တင်သွင်းခွင့်ထောက်ခံချက်လက်မှတ်နှင့် ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ်အား တိုက်ဆိုင်စစ်ဆေးခြင်း
(ခ)    ကိုယ်စားပြုနမူနာအား (၀.၀၀၅ - ၀.၀၁ ရာခိုင်နှုန်း) မျက်မြင်စစ်ဆေးခြင်း
(ဂ)    လိုအပ်ပါက နမူနာအား ဓါတ်ခွဲခန်းသို့ပေးပို့စစ်ဆေးခြင်းကို ပြုလုပ်မည်ဖြစ်သည်။
အဆင့်(၃)
စစ်ဆေးရေးမှူးသည် နမူနာပစ္စည်းအားစစ်ဆေးပြီး ပိုးမွှားကင်းရှင်းပါက Myanmar Automated Cargo Clearance System (MACCS) တွင် Agree လုပ်ပေးမည်ဖြစ်သည်။ နမူနာပစ္စည်းတွင် ပိုးမွှားအရှင်တွေ့ရှိပါက ကုန်တင်သွင်းသူအားအကြောင်းကြားပြီး အဆိပ်ငွေ့မှိုင်းတိုက်ခြင်း (သို့မဟုတ်) ပိုးသန့်စင်ခြင်းကို ဆောင်ရွက်စေမည်။ စစ်ဆေးရေး မှူးမှ နမူနာပစ္စည်းအား ထပ်မံစစ်ဆေးမည်။ ပိုးမွှားအရှင်ကင်းရှင်းပါက MACCS တွင် Agree လုပ်ပေးမည်ဖြစ်သည်။ အကယ်၍ ထိန်းချူပ်ပိုးမွှားတွေ့ရှိပြီး လက်မခံနိုင်သော အခြေအနေတွင် ကုန်ပစ္စည်းများအားဖျက်ဆီးခြင်းကို တင်သွင်းသူမှ စရိတ်ကျခံပြီး ပြုလုပ်ရမည် ဖြစ်ပါသည်။

 

Source: https://www.myanmartradeportal.gov.mm/my/procedure/46