စားအုန်းဆီ ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုး ပြန်လည်မြင့်တက်လာမှုကြောင့် မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ် ဈေးကျဆင်း

ဒေါ်လာနဲ့ဖလှယ်ရာမှာ ရက်သတ္တပတ်တစ်ပတ်အတွင်း အနိမ့်ဆုံးဈေးအဖြစ်ရောက်ရှိနေတဲ့   ရင်းဂစ်ငွေကြေးတန်ဖိုး က ပြန်လည်မြင့်တက်လာတဲ့အတွက်ကြောင့် လည်းကောင်း၊ ပို့ကုန်နှေးကွေးကျဆင်းမှုနဲ့  စားအုန်းဆီထုတ်လုပ်မှုမြင့်တက် နေချိန်မှာ ကုန်သည်များက အမြတ်ပိုမိုရရှိရန် ကြိုးပမ်းဆောင် ရွက်လာကြသည့် အတွက်ကြောင့်လည်းကောင်း မလေးရှား စားအုန်းဆီရဲ့ ကြိုရောင်းကြိုဝယ်ဈေးက ဧပြီ ၂၇ ရက်မှာ ပြန် လည်ကျဆင်းခဲ့ရာ ရက်သတ္တနှစ်ပတ်အတွင်း အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း ဘီရီကော်ဒါသတင်းမှာ  ဖော်ပြထားပါ တယ်။
စားအုန်းဆီရောင်းဝယ်ရာမှာ အသုံးပြုတဲ့ ငွေကြေးဖြစ် တဲ့ ရင်းဂစ်ငွေကြေးရဲ့ တန်ဖိုးခိုင်မာမှုက အခြားနိုင်ငံခြားငွေ တစ်ခုခုကို လက်ဝယ်ထားရှိသူများအတွက် စားအုန်းဆီတန်ဖိုး ကို ပိုမိုမြင့်တက်စေပြီး ယှဉ်ပြိုင်မှုစွမ်းရည်ကျဆင်းခဲ့ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ ရင်းဂစ်ငွေကြေးတို့ရဲ့ ဖလှယ်နှုန်းကို ကြည့်ပါက ဧပြီ ၂၇ ရက်ညနေ ပိုင်းမှာ သုည ဒသမ ၃ ရာခိုင် နှုန်းမြင့်တက်ပြီး အမေရိကန် တစ်ဒေါ်လာကို ၃ ဒသမ ၉၁ ရင်းဂစ်နှုန်းကို ရောက်ရှိခဲ့ပါ တယ်။
မလေးရှားနိုင်ငံတော် ရန်ပုံငွေမှ ဘွန်းစာချုပ်များ အတွက် ပေးချေရန်ပျက်ကွက်မှုရှိကြောင်း သတင်းများ ထွက် ပေါ်လာပြီးနောက်ပိုင်း   အမေရိကန်ဒေါ်လာနှင့် ရင်းဂစ် ဖလှယ်နှုန်းက ဧပြီ ၂၆ ရက်မှာ တစ်ဒေါ်လာလျှင် ၃ ဒသမ ၉၄၉၅ ရင်းဂစ်နှုန်းအထိ  ရောက်ရှိခဲ့ပြီး ရက်သတ္တတစ်ပတ် အတွင်း အနိမ့်ဆုံးဖြစ်ရာမှ ရင်းဂစ်တန်ဖိုးပြန်လည်မြင့်တက် လာတာဖြစ်ပါတယ်။
ဘာဆာမလေးရှားကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange ) မှာ  ဇူလိုင်လအတွက် စာချုပ် ချုပ်ဆိုရောင်းချတဲ့ စားအုန်းဆီရဲ့ ကြိုရောင်းကြိုဝယ်ဈေးက ဧပြီ ၂၇ ရက်ဈေးပိတ်ချိန်တွင် စားအုန်းဆီ တစ်တန်ကို ၂၆၃၃ ရင်းဂစ်  (အမေရိကန်ဒေါ်လာ ၆၇၃ ဒေါ်လာ)နှုန်းရှိခဲ့တဲ့ အတွက် ယခင်ရက်ကဈေးနှုန်းအောက် ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းပြီး ယခု ရက်သတ္တပတ်အတွင်း ဒုတိယအကြိမ်မြောက် ကျဆင်းခဲ့တာဖြစ်ပါတယ်။ စားအုန်းဆီက နံနက်ပိုင်းတွင် တစ်တန်ကို ၂၆၃၀ ရင်းဂစ်နှုန်းထိ ကျဆင်းခဲ့ရာ  ဧပြီ ၁၅ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။ ယခုရက်သတ္တ ပတ်အတွင်း သုည ဒသမ ၆ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပါတယ်။
စားအုန်းဆီရဲ့ ရောင်းချမှုပမာဏက ဧပြီ ၂၇ ရက်မှာ ၂၅ တန်ရှိအတွဲ ၅၁၄၇၂ တွဲရှိခဲ့ရာ ၂၀၁၅ ခုနှစ်အတွင်း တစ် ရက် ပျမ်းမျှရောင်းချနှုန်းဖြစ်တဲ့ ၄၄၆၀ဝ တွဲနှုန်းထက် သာ လွန်ခဲ့တာကို တွေ့ရပါတယ်။
ရင်းဂစ်တန်ဖိုးမြင့်တက်မှုအပြင် ပြည်ပတင်ပို့မှု ကျ ဆင်းတာနဲ့ စားအုန်းဆီထုတ်လုပ်မှုမြင့်တက်တာတွေကြောင့် စားအုန်းဆီဈေးနှုန်းတွေ ကျဆင်းခဲ့တာဖြစ်ကြောင်း ကွာလာ လမ်ပူအခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။ မလေး ရှား စားအုန်းဆီ  ထုတ်ကုန်တွေရဲ့ ဝယ်လိုအားက လွန်ခဲ့တဲ့ တစ်လက ကာလတူနဲ့ နှိုင်းယှဉ်ကြည့်ရင်   ဧပြီ ၁ ရက်မှ ၁၅ ရက်အတွင်း တိုးတက်မှုအနည်းငယ်မျှပင် မရှိတာကို တွေ့ရ ကြောင်း ကုန်စည်စစ်တမ်းကောက်ယူရေးအဖွဲ့ တစ်ဖွဲ့ရဲ့ စစ်တမ်း အရသိရပါတယ်။
ကမ္ဘာမှာ စားအုန်းဆီထုတ်လုပ်မှု  အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ မတ်လစားအုန်းဆီတင်ပို့မှုကို ဖေဖော် ဝါရီတင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ၂၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ အခြားဟင်းရွက်ဆီဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံ  ဒါလီယံဈေး ကွက် (Dalian Commodity Exchange ) မှာ စက်တင်ဘာ အတွက် ပဲပုပ်ဆီဈေးက  သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပါ တယ်။ အမေရိကန်ပြည်ထောင်စု ချီကာဂိုကုန်သွယ်ရေးဘုတ် အဖွဲ့မှာ ပဲပုပ်ဆီဈေးက သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပါ တယ်။                                     
                          ဉာဏ်တင်

  • Agency Ministry of Foreign Affairs
  • Category General