E-Commerce Strategy ရေးဆွဲရာတွင် အထောက်အကူပြုအဖြစ် National Consultant တစ်ဦးခန့်အပ်ရန် လျှောက်လွှာခေါ်ယူခြင်း

EIF Tier-2 အဆင့်အဖြစ် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ခြင်းစီမံကိန်း (Myanmar Services Trade Enhancement Project – MSTEP) ၏ အောက်မှ E-Commerce Strategy ကို UNCTAD အဖွဲ့အစည်းနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ ပူးပေါင်းရေးဆွဲသွားမည်ဖြစ်ပါသည်။ E-Commerce Strategy ရေးဆွဲရာတွင် အထောက်အကူပြုအဖြစ် National Consultant တစ်ဦးခန့်အပ်သွားမည် ဖြစ်ပါသည်။ လျှောက်လွှာပိတ်ရက်မှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့ Central European Time 23:59 ဖြစ်ပါသဖြင့် လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာ ပိတ်ရက်မတိုင်မီ CV နှင့်အတူ Cover Letter အား UNCTAD အဖွဲ့အစည်း၏ အောက်ပါ  အီးမေးလ်သို့ လျှောက်ထားနိုင်ပါသည်-

PDF icon Terms of reference For Myanmar_E-commerce_Strategy_National_Consultant.pdf

အဖွဲ့အစည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကဏ္ဍ General

ဒေါင်းလုပ်