မိုရေးအကောက်ခွန်ဌာနက အိန္ဒိယ ကွမ်းသီးကုန်သည်များထံမှ ၄၀ ရာခိုင်နှုန်း အခွန်ကောက်ခံမှုကြောင့် တမူးနယ်စပ်မှ ကွမ်းသီး တင်ပို့မှုကျဆင်း

ဒီဇင်ဘာလအတွင်း မြန်မာ- အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၁၅ သန်းတန်ဖိုးရှိ ကွမ်းသီး ၁၆ ဒသမ ၄ တန်ကို    တင်ပို့ခဲ့ပါတယ်။ ကွမ်းသီးကို   ယခင်နှစ်ကာလတူက ၁၉၃၅ တန်နဲ့ အနီးစပ်ဆုံးကာလဖြစ်တဲ့ နိုဝင်ဘာလက တန် ၁၂၀ တင်ပို့ခဲ့တာ ကြောင့် ယခင်နှစ် ကာလတူအောက် ၁၉၁၈ တန်နဲ့ နိုဝင်ဘာလအောက် ၁၀၃ တန်လျော့နည်းတင်ပို့ခဲ့တာ တွေ့ ရပါတယ်။
ယင်းသို့လျော့နည်းရခြင်းမှာ တမူး ကုန်သွယ်ရေးစခန်းရဲ့ အဓိက ပို့ကုန်ဖြစ်တဲ့ ကွမ်းသီးတင်ပို့မှုများလာ ခြင်းအပေါ် အိန္ဒိယအကောက်ခွန်ဌာနThird Country Products အဖြစ် သံသယဖြစ်ဖွယ်ရှိသော ကွမ်းသီးများ ကို အိန္ဒိယနိုင်ငံအတွင်း သိမ်းဆည်း လျက် တရားရုံး၌ တရားစွဲဆိုထားရှိ ကြောင်း၊ အကောက်ခွန်နှုန်းထားကို သုည ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံခဲ့သည်ဟု ယူဆရ ကြောင်း၊ မိုရေးအကောက်ခွန်ဌာနမှ အိန္ဒိယကုန်သည်များထံသို့ ကွမ်းသီး တင်သွင်းလိုပါက အကောက်ခွန်နှုန်း ထားအဖြစ် ၄၀ ရာခိုင်နှုန်း ဘဏ်၌ပေး သွင်းလျက် ယာယီခွင့်ပြုပေးမည်ဖြစ် ကြောင်း၊ အခွန်ကို ၄၀ ရာခိုင်နှုန်း ကောက်ခံပါက အိန္ဒိယကုန်သည်များ အနေဖြင့် အရှုံးပေါ်နိုင်၍ လုပ်ငန်း လုပ်ကိုင်ရန် တုံ့ဆိုင်းနေခြင်းကြောင့် ကွမ်းသီးတင်ပို့မှု ကျဆင်းရခြင်း ဖြစ် တယ်လို့  တမူးကုန်သွယ်ရေးစခန်းမှ သိရပါတယ်။                ခင်မိုးသူ
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General