မြန်မာ့ကုန်သွယ်မှုဘဏ္ဍာတိုက်

မြန်မာကုန်သွယ်မှုဘဏ္ဍာတိုက်တွင် မြန်မာနိုင်ငံ၏အကောက်ခွန်များ၊ ကုန်သွယ်မှုဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ဆက်စပ်သည့်သတင်းအချက်အလက်များကို စုဆောင်းထားရှိပါသည်။ သက်ဆိုင်ရာ အချက်အလက်များကို ဤ Website ၏ သွင်းကုန်ဆိုင်ရာလမ်းညွှန်၊ ပို့ကုန်ဆိုင်ရာလမ်း ညွှန်နှင့် ကုန်ပစ္စည်းများရှာဖွေခြင်းတွင် ကြည့်ရှုနိုင်ပါသည်။

အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူညီချက်၏ ပုဒ်မ (၁၃) အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်မှုဥပဒေများနှင့် အကောက်ခွန်များအားလုံးပါဝင်သည့် Website ကို ထူထောင်ရန် လိုအပ်ပါသည်။ အောက်ပါအချက်အလက်များပါဝင်ပါသည်-

                        (၁)  အကောက်ခွန်အမည်ပေးခြင်း

          (၂)   အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူညီချက်နှင့် အခြားသက်ဆိုင်သည့် သဘော တူညီချက်များပါ အကောက်ခွန်နှုန်းထားများနှင့် MFN အကောက်ခွန်နှုန်းထားများ

          (၃)  ပင်ရင်းဒေသစည်းမျဉ်းများ

          (၄)  အကောက်ခွန်မဟုတ်သောစီမံဆောင်ရွက်မှုများ

          (၅)  ကုန်သွယ်မှုနှင့် အကောက်ခွန်ဥပဒေများ၊ စည်းမျဉ်းများ

          (၆)  လုပ်ထုံးလုပ်နည်းများနှင့် စာရွက်စာတမ်းလိုအပ်ချက်များ

          (၇)  စီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများ

          (၈)  ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးဆိုင်ရာ အကောင်းဆုံးအလေ့အထများနှင့်

          (၉)  အစိုးရမှ အသိအမှတ်ပြုထားသောကုန်သည်များစာရင်း

          မြန်မာကုန်သွယ်မှုဘဏ္ဍာတိုက်သည် အာဆီယံကုန်သွယ်မှုဘဏ္ဍာတိုက်၏ နိုင်ငံအဆင့်ပုံစံ ဖြစ်ပါသည်။