CITES မျိုးစိတ်များတင်သွင်းမှုအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ချက်

အကြောင်းအရာ ဤစီမံဆောင်ရွက်မှုသည် (နောက်ဆက်တွဲ က၊ အပိုဒ် ၁-၂၊ ၂-၂ နှင့် ၃-၂) သည် ကုန်စည်များမတင်သွင်းမီ သက်ဆိုင်ရာ အစိုးရဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ CITES ၏ Appendix I၊ II နှင့် III တို့တွင်ပါဝင်သော မည်သည့်မျိုးစိတ်အားမဆို တင်သွင်းရာတွင် ကနဦးထောက်ခံချက်၊ Import Permit တင်ပြချက်နှင့် Export Permit (သို့မဟုတ်) Re-export ထောက်ခံချက်တို့ကို လိုအပ်ပါသည်။ ရည်ရွယ်ချက်မှာ တောရိုင်းမျိုးစိတ်များကို အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုတွင် ကုန်သွယ်ခြင်းသည် တောင်ရိုင်းမျိုးစိတ်တို့၏ ရှင်သန်မှုကို ခြိမ်းခြောက်ပျက်စီးမှုမဖြစ်စေရန်ဖြစ်ပါသည်။
မှတ်ချက်များ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက်တွင် Convention on International Trade of Endangered Species of Wild Fauna and Flora – CITES ကွန်ဗင်းရှင်းသို့ အဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ပါသည်။ ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏အခြေအနေအရ ပြောင်းလဲနိုင်သည်။
အဖွဲ့အစည်း သစ်တောဦးစီးဌာန
ပို့ကုန်/သွင်းကုန် သွင်းကုန်
မှ အတည်ဖြစ်သည် 2012-06-01
ထိ အတည်ဖြစ်သည် သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။
ရည်ညွှန်းချက် CITES ကွန်ဗင်းရှင်း
နည်းပညာကုဒ် B14
ယူအမ်ကုဒ် B14 - Authorization requirement for importing certain products
စည်းမျဉ်းအမျိုးအစား ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ
ပြင်ဆင်သည့်ရက် 2018-07-31 16:03:49

လုပ်ထုံးလုပ်နည်းများ
အမည် အကြောင်းအရာ ကဏ္ဍ
ကုန်စည်များ

This measure applies to the following commodities.

HS Code အကြောင်းအရာ